ရွှေပြည်သာမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးထိုးနှံ

ရွှေပြည်သာ ဇူလိုင် ၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်း စုစုပေါင်း(၈၄)ကျောင်းမှ ကျောင်းသား/ သူများကို ရွှေပြည်သာမြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာအလှည့်ကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်၊

‌ကျောင်းသား/ သူများအဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်မိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)