ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်ကာကွယ်ဆေး ဆက်လက် ထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံရန် ကျန်ရှိနေသေးသည့် ဝန်ထမ်းနှင့် မိသားစုဝင်များကို  ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။

မွန်ပြည်နယ်၀န်ကြီးချုပ် မော်လမြိုင်အထွေထွေဆေးရုံကြီး၌ ကျောက်ကပ်တု သွေးသန့်စက်ဌာနဖွင့်ပွဲ အခမ်းအ နားသို့တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်အထွေထွေရောဂါ ကုဆေးရုံကြီး၌ ကျောက်ကပ်တု သွေးသန့်စင်ဌာန ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မင်္ဂလာကန်စိမ်းလန်းစိုပြည်ရေးအတွက် လာရောက်ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များလမ်းညွှန်မှာကြား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာကန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစိမ်းလန်းစိုပြည်ရေးအတွက် ယနေ့နံနက်(၈)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သတ်မှတ်ထားသည့်ဆေးထိုးစုရပ်များ၌ ဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေးထိုးနှံပေးသည်။     

မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက လယ်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးအတွက် ယနေ့နံနက်(၁၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပိုးလောက်လန်းကင်းစင်ကျောင်း ဖြစ်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများတွင် ပိုးလောက်လန်းကင်းစင်ကျောင်း ဖြစ်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း၊ မုန့်ဆိုင်များတွင် ရောင်းချနေသော အစားအစာများ စစ်ဆေးခြင်းနှင့် ယင်လုံအိမ်သာများ စစ်ဆေး ခြင်းတို့ကို ယနေ့ နံနက် ၉ နာရီခွဲက မင်းလှ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ကဝမြို့နယ်၌ ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အမှတ်(၃၄)စက်မှုလယ်ယာစခန်း(အုန်းနှဲ)တို့ပူးပေါင်း၍ အမှတ်(၁)ရွာသစ်ရပ်ကွက် ကွင်းအမှတ်(၁၀၉၂-ခ) တောင်သူဦးကိုကိုလွင်၏ လယ်ယာမြေ(၁၀)ဧကပေါ်တွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်ဖြင့်  လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းကို  ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းခုတ်- မိုင်းဆတ် မိုင်တိုင်အမှတ် ၁၁၇ နှင့် ၁၁၈ ကြား မြေသားလမ်းပေါ်သို့ တောင်ပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား၊ ဖယ်ရှားရှင်းလင်းပြီးဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဇွန် ၅ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့်  ယနေ့နံနက် ၁၀ နာရီခန့်က မိုင်းခုတ်-မိုင်းဆတ်သွား မိုင်တိုင်အမှတ် ၁၁၇ နှင့် ၁၁ ကီလိုမီတာကြား အကျယ်(၁၈)ပေရှိ မြေသားလမ်းပေါ်သို့ တောင်ပြိုကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to