တပ်ကုန်းမြို့၌  ဘုရားနီဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

တပ်ကုန်း ဇူလိုင် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရားနီကျောင်းတိုက်၊ ဘဒ္ဒန္တပညာသီရီ (တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်)ဦးစီးပြီး၊ ရွှေထီးတော်အလှူရှင် ခမရ(၁၀၉)နေ ဦးဝင်းအောင်+ဒေါ်မြမြအေး မိသားစုများနှင့် စေတနာရှင်များစုပေါင်း၍ ဘုရားနီဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင်၊ ရွှေထီးတော်တင်၊ ရွှေသင်္ကန်းကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ ကျင်းပခဲ့သည်။

ရွှေထီးတော်တင်လှူရာတွင် ကြာကလပ်တော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ဦးဝင်းအောင်+ဒေါ်မြမြအေးမိသားစုများနှင့်စေတနာရှင်များက လက်ဆင့်ကမ်းပင့်ဆောင်ပူဇော်ပြီး၊  ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကာ ရှမ်းအိုးစည်အတီး၊ အကများဖြင့် အောင်မြင်စွာ တင်လှူခဲ့ ကြောင်းသိရပြီး၊ ဘုရားနီကျောင်းတိုက်၊ ဘုရားနီဆုတောင်းပြည့်စေတီတော်မြတ်ကြီးသည် ခြေတော်(၃)ပေ၊  ပထမပဉ္စယံ(၃)ပေခွဲ၊ ဒုတိယပဉ္စယံ(၃)ပေ၊ တတိယပဉ္စယံ(၃)ပေရှိပြီး၊ ဉာဏ်တော်အမြင့် (၉)တောင်ပြည့်စေတီတော်မြတ်ကြီးဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်