တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

တောင်ဥက္ကလာပ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံပြီး သူများကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းစုရပ်၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲမှူး ဦးစို့ညွှန့်ဦး၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌အေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့ကကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမကြိမ်ထိုးနှံပြီးသူများကို ဒုတိယကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ဆေး Sinopharm ကို အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းမှ (၃၈၁)ဦး၊ အမှတ်(၂၇) အခြေခံပညာ မူလတန်းကျောင်းမှ(၉)ဦး စုစုပေါင်း(၃၉၀)ဦးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

ခင်ဆွေနှင်း