ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့နယ်အတွင်းရှိ ဧရာဝတီမြစ် ရေကာတာများနှင့် ရေကင်းစခန်းများ ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာမှုအခြေအနေနှင့် တာတမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရူစစ်ဆေး ခဲ့သည်။