ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေး ညှိနှိုင်းဖြန်ဖြေပေးရမည့် လုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ညှိနှိုင်းဖြန်ဖြေဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် ညှိနှိုင်းဖြန်ရေးအဖွဲ့(KNT)ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မော်လိုက်ခရိုင်၌ စီမံကိန်းဆိုင်ရာ စာရင်းအင်းများနှင့် ဌာနဆိုင်ရာ ငွေစာရင်းများ ရေးဆွဲပြုစုခြင်း ရက်တိုသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် ဌာနဆိုင်ရာများမှ အရည်အသွေးပြည့်ဝသော စာရင်းအင်းများ ပြုစုနိုင်ရေးအတွက် စီမံကိန်းဆိုင်ရာ စာရင်းအင်းများနှင့် ဌာနဆိုင်ရာ ငွေစာရင်းများ ရေးဆွဲပြုစုခြင်း ရက်တိုသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

သံတွဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile မော်တော်ယာဉ်ဖြင့် ဌာနများအရောက် စာအုပ်များငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အုတ်စက်ရုံနှင့် ဟိုတယ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ အမှတ်(၅၂)သစ်စက်ကျေးရွာတွင် တည်ရှိသည့် သစ်လွင်ကမ္ဘာရွှေပြည်တန်ကုမ္ပဏီ၏ အုတ်စက်ရုံအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ဖိုးစောင်းတောင်ပေါ်ရှိ Mount Pleasant Hotel ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းမှ ယမန်နေ့ မွန်းလွဲ  ၂ နာရီခွဲတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့နယ်ဥပဒေရုံးမှ ကျောင်းသား/သူများ ဥပဒေဘောင်အတွင်းမှ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် သိသင့် သိထိုက်သည့် ဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ရေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာ ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း များကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်၍ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ် ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(လှေကြီးတတ်)တွင် ကျောင်းသား၊ ကျောင်းသူ များက မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ သရုပ်ပြ လေ့ကျင့်ကြသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ လူကုန်ကုးမှုတိုက်ဖျက်ရေးအသိပညာပေး Talk Show ကို လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌

မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကျင်းပ

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့သည်။

ဝါးခယ်မမြို့၊ မြသီတာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မူရှိ/မရှိကွင်းဆင်း စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မြသီတာဈေးအတွင်းရှိ လက်လီ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များတွင် စားသုံးဆီနှင့် ကုန်ပစ္စည်းများ‌ပေါ်တွင် ကုန်အညွှန်းအမှတ် အသား ပါဝင်မှု ရှိ/မရှိနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to