ကော့ကရိတ်မြို့၌ အသေးစားစက်မှုလက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့ သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အ​ခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်က ရန်ကုတ်ဘုန်း​တော်ကြီး​ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ခြေခံပညာဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့တို့၏ ကူညီပံ့ပိုးမှု ဘုရားကြီးကုန်းကျေးရွာ မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ်သည့်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  အလကဘုရားကြီးကုန်း၌ ကျင်းပသည်။

ဆီဆိုင်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက သီရိရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၅)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂) နာရီခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အကြား ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က အသက်(၅)နှစ်မှ အသက်(၁၂)အကြား ကျောင်းသား၊ ကျောင်းသူများအား  (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြင်းခြံမြို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆေးထိုးစုရပ်အလိုက် အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကျောင်းသား၊ ကျောင်းသူများ အမှတ်ရစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နေ့လည်(၁)နာရီအချိန်က မြစ်သားမြို့နယ်စီမံကိန်းရုံးနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

သရက်မြို့၌ စံမညီဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေး

မကွေးတိုင်းဒေသကြီး သရက်မြို့အတွင်း ရောင်ချလျက်ရှိသည့် ဆေးဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆေးဆိုင်များအတွင်း ရောင်းချလျက်ရှိသည့် ဆေးဝါးများတွင် အဆိုပါစံမညီ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေး၍ အသိပညာပေးခဲ့သည်။

မင်းပြားမြို့၌ ငါးသလောက်မျိုးစိတ်ကာကွယ်ထိန်းသိမ်းရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ငါးလုပ်ငန်း​ဦးစီးဌာနမှ ငါးသလောက်မျိုးစိတ် ကာကွယ်ထိန်းသိမ်းရန်မင်းကြောင်းမြစ်အတွင်း ယမန်နေ့က ငါးလုပ်ငန်းစစ်ဆေးရေးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to