တနင်္သာရီမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ယှဉ်ပြိုင်

တနင်္သာရီ ဇူလိုင်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အားကစားကဏ္ဍဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ၂၁ရက်မှစ၍ မြို့မအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ညနေနာရီခွဲအချိန်က ဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြ ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲဆီမီးဖိုင်နယ်(ဒုတိယ)ပွဲစဉ်တွင် ပြည်ဖြိုးထွန်းအသင်းနှင့်ချောင်းကြီးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ  မိနစ်(၉၀)အချိန်အထိ တစ်ဘက်(၂ဂိုးစီ)ဖြင့် သရေကျနေသဖြင့် အားကစားနှင့်ကာယပညာကော်မတီနှင့် အသင်းခေါင်းဆောင်များ၏ သဘောတူညီချက်အရ ပယ်နယ်တီ(၅)လုံးစီ အဆုံးအဖြတ်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကြရာ ပြည်ဖြိုးထွန်း အသင်းက (၃ဂိုး-၁ဂိုး)ဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

သို့ပါ၍ ၎င်း‌ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ချောင်းကြီးအသင်းနှင့်မောတောင်မြို့အသင်းတို့က ယနေ့ညနေ၃နာရီခွဲအချိန် မြို့မအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင်လ(၇)ရက်နေ့ ညနေ(၃)နာရီအချိန်၌ ပြည်ဖြိုးထွန်းအသင်းနှင့် တမုတ်ချုန်းအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်၍ ဆုချီးမြှင့်ပွဲကိုလည်း တစ်ပြိုင် တည်းကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးအားကစားနှင့် ကာယပညာကော်မတီထံမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)