စမ်းချောင်းမြို့နယ်၌ (၇၅) ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဖိတ်ခေါ်သော  ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် လားဟူ ဒီမိုကရက်တစ်ပါတီမှ ဦးဆော်လမွန်ဦးဆောင်သောအဖွဲ့ တာချီလိတ်သို့ရောက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လားဟူဒီမိုကရက်တစ်ပါတီ (LDU)မှ ဦးဆော်လမွန် ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့သည်။

ကျိုင်းတုံမြို့ အထက -၂ ၌ ကျောင်းကောင်စီကတိသစ္စာခံယူခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့သူနာပြုနှင့်သားဖွားသင်တန်းကျောင်းခန်းမ၌ ဦးဆောင်းနှင့် ဂျူတီကုတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ

မိုင်းနောင်မြို့အထကကျောင်းတွင်(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

သထုံမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံမြို့နယ် ဥပဒေရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ် မူလွန်(၂)ကျောင်းတွင်  (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၂)အခြေခံပညာအလယ်တန်းလွန်ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to