ဒေးဒရဲ ဇူလိုင် ၆
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်သာသနာ့ ဗိမာန်တော်ကြီးနှင့် ကျေးရွာစုရပ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ ကြီးကြပ်မှုဖြင့် မြိုနယ် ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေးများကို စုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၈)နှစ်နှင့် အထက် (၁၅၇၅၆၈)ဦး၊ (၁၅မှ၁၈)နှစ်အထိ (၁၅၇၃)ဦး၊ (၅နှစ်မှ၁၂နှစ်)အထိ(၂၀၃၅၀)ဦးနှင့် အပိုဆောင်းထိုးနှံမှု(Booster) ထိုးနှံပြီးစီးသူ (၆၅၁၅)ဦးအား ထိုးနှံပြီးစီးပြီဖြစ်ပြီး ကျန်ရှိသူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အေဇာလင်း