နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဦးဇေယျာလင်း၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အုတ်စက်ရုံနှင့် ဟိုတယ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဥတ္တရသီရိ ဇူလိုင် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ အမှတ်(၅၂)သစ်စက်ကျေးရွာတွင် တည်ရှိသည့် သစ်လွင်ကမ္ဘာရွှေပြည်တန်ကုမ္ပဏီ၏ အုတ်စက်ရုံအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ဖိုးစောင်းတောင်ပေါ်ရှိ Mount Pleasant Hotel ၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းမှ ယမန်နေ့ မွန်းလွဲ  ၂ နာရီခွဲတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းတွင် နေပြည်တော်ရင်းနှီးမြှပ်နှံမှုအဖွဲ့၊ အဖွဲ့ခေါင်းဆောင် နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော် ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်၊ နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဆွေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြင့်ကျော်၊ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်ဦးမျိုးချစ်၊ အတွင်းရေးမှူး ရဲမှူးဝင်းလွင်တို့နှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)