သာပေါင်း ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းများကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်၍ လှေကြီးတတ်ကျေးရွာအုပ်စု၊ လှေကြီးတတ် ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(လှေကြီးတတ်)တွင် ကျောင်းသား၊ ကျောင်းသူများက မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ သရုပ်ပြ လေ့ကျင့်ကြသည်။
စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ လေ့ကျင့်မှု အခမ်းအနားတွင် မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်မှ မီးသတ်ဦးစီးဌာန သမိုင်းကြောင်းများ၊ ဖွဲ့စည်းပုံနှင့် အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်း တာဝန်များ၊ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မီးလောင်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းများ၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး မီးအသုံးပြု ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူး သုံးစွဲနည်း အဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့ငြိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
မျိုးဇော်သိန်း