ဇေယျာသီရိ ဇူလိုင် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ လူကုန်ကုးမှုတိုက်ဖျက်ရေးအသိပညာပေး Talk Show ကို လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လူကုန်ကုးမှုတိုက်ဖျက်ရေးအသိပညာ ပေးTalk Showကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် အထက်တန်းရှေ့နေ ဒေါ်ခင်သန္တာမျိုးတို့က လူကုန်ကူးမှု ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးမှုတွင် အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကုးမှုခံရနိုင်ခြေ အများဆုံးဖြစ်စေသည့် သူများနှင့်လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်နည်းလမ်းများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
နိုင်မင်းထက်(ပြန်/ဆက်)