ဝါးခယ်မမြို့၊ မြသီတာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မူရှိ/မရှိကွင်းဆင်း စစ်ဆေး

ဝါးခယ်မ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မြသီတာဈေးအတွင်းရှိ လက်လီ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များတွင်  စားသုံးဆီနှင့် ကုန်ပစ္စည်းများ‌ပေါ်တွင် ကုန်အညွှန်းအမှတ် အသား ပါဝင်မှု ရှိ/မရှိနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော စည်းကမ်းချက်များနှင့် အညီ ကုန်ပစ္စည်းများကို ပုံမှန် ဈေးနှုန်းအတိုင်း ရောင်းချမှုရှိခြင်း၊ ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ပါဝင်မှုရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အမှတ်အသားများ ပါဝင်မှုရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရပြီး သတ်မှတ်ထားသော စံချိန်စံညွှန်းများ ပြည့်မီစွာဖြင့် ရောင်းချနေကြကြောင်း သိရသည်။

ဟိန်းထက်လင်း