မိုင်းရှူး ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်က အသက်(၅)နှစ်မှ အသက်(၁၂)အကြား ကျောင်းသား၊ ကျောင်းသူများအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၅)နှစ်မှ အသက်(၁၂)အကြား ကျောင်းသား/ကျောင်းသူများအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)