ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စဉ်ဆက်မပြတ်ထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှုရှိစေရန်နှင့် ကျန်းမာပျော်ရွင်စွာပညာသင်ကြားနိုင်ရန် ရည်ရွယ်၍

လူမှုဝန်ထမ်းဦးစီးဌာနမှ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းများကို တစ်နှစ်လျှင် (၈)ကြိမ် ဖွင့်လှစ်သင်ကြားပေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သက်မွေးလုပ်ငန်းပညာ သင်တန်းများကို (၁)နှစ်လျှင် (၈)ကြိမ် သင်တန်းဖွင့်လှစ်ပေးလျက်ရှိရာ ယခု (၂/၂၂-၂၃) သင်တန်းကို (၁၃.၆.၂၀၂၂) ရက်နေ့မှ (၂၂.၇.၂၀၂၂)ရက်နေ့ထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြား နေသော အသက်(၅)နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဒုတိယကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီက ရန်ကြီးအောင်ရပ်ကွက် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီး (၁၇)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက် တိပိဋကစာအောင် သံဃာဂုဏ်ပြုပူဇော်ပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီး (၁၇)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၇၄)ကြိမ်မြောက် တိပိဋကစာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေတောင်ဦး တိပိဋက ဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ရှိ ဓမ္မဝိနယဓမ္မာရုံတော်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီးဒေါ်မြင့်မြင့်အောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရေတာရှည်မြို့နယ်အတွင်း မိုးနေကြာမျိုးစေ့ထုတ်(၁၇)ဧကအတွက် ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊​ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးနေကြာမျိုး​စေ့ထုတ် ဧက(၁၇)ဧကအတွက် ဓါတ်မြေသြဇာများထောက်ပံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီအချိန်က ဇေယျသိမ်ကျေးရွာအုပ်စု၊ ပေါင်းတည်ရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက၁)ကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ ဆောင်ရွက်

(၂၀၂၂)ခုနှစ် ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို  ယနေ့မွန်းလွဲ(၁)နာရီ အချိန်က ၊အခြေခံပညာအထက်တန်းကျောင်းခွဲ (အလက၁)ကျောင်း ကျောင်းရှေ့ကွင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် တိရစ္ဆာန်အစာအတွက် နေဗီယာမြက်များ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးတောင်သူများသည် တိရစ္ဆာန်အစာအတွက် နေဗီယာမြက်များ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် အသက်၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးစုရပ်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် အသက် ၅ နှစ်မှ အသက်၁၂နှစ်အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က မူလွန်ကလိုင်းကနိုင်ကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတိုကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိကြသည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်များကို ပျိုးထောင်ပါစာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့က
Subscribe to