သရက် ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး သရက်မြို့အတွင်း ရောင်ချလျက်ရှိသည့် ဆေးဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆေးဆိုင်များအတွင်း ရောင်းချလျက်ရှိသည့် ဆေးဝါးများတွင် အဆိုပါစံမညီ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ စစ်ဆေး၍ အသိပညာပေးခဲ့သည်။
အဆိုပါ စံမညီ ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးရာတွင် ခရိုင်ဆရာဝန်ကြီးနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက ဆေးဝါးများ ရောင်းချသည့် ဈေးဆိုင်များအား စံချိန်မမှီ ဆေးဝါးများဖြစ်သော သောက်ဆေး စားဆေးများ ရှိ/မရှိ စစ်ဆေးကာ အသိပညာပေး ပြောကြား ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)