ဆီဆိုင် ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက သီရိရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၅)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
လူမူရေးပင်စင်ထောက်ပံ့ခြင်းများကို အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား နိုင်ငံတော်မှတစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ဆီဆိုင်မြို့ သီရိရပ်ကွက်အတွင်းရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၂)ဦးနှင့် အဘွား(၃)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် တစ်သိန်းငါးသောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)