မြစ်သား ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နေ့လည်(၁)နာရီအချိန်က မြစ်သားမြို့နယ်စီမံကိန်းရုံးနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်နှင့်အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ၊ရသစာအုပ်များကို စီမံကိန်းရုံးနှင့်စည်ပင်သာယာရေးအဖွဲ့ရုံးများရှိ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရ သည်။
ထို့အပြင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို မြစ်သားမြို့နယ်ရှိ အခြားဌာနဆိုင်ရာများသို့လည်း အပတ်စဉ်အလှည့်ကျ ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
သီတာအောင်(မြစ်သား)