စမ်းချောင်း ဇူလိုင် ၆
ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ကို ကျောင်းသား၊ ကျောင်းသူများ အမှတ်ရစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းသိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးမှ အာဇာနည်နေ့ ဖြစ်ပေါ်လာရ ခြင်းအကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိများ၊ လေးစာအတုယူဖွယ်ရာများကို ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း