မင်းပြားမြို့၌ ငါးသလောက်မျိုးစိတ်ကာကွယ်ထိန်းသိမ်းရေး ကွင်းဆင်းဆောင်ရွက်

မင်းပြား ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ငါးလုပ်ငန်း​ဦးစီးဌာနမှ ငါးသလောက်မျိုးစိတ် ကာကွယ်ထိန်းသိမ်းရန် မင်းကြောင်းမြစ်အတွင်း ယမန်နေ့က ငါးလုပ်ငန်းစစ်ဆေးရေးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ငွေစိုးနှင့် ဝန်ထမ်းများက ငါးသယံဇာတတိုးပွားရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးအတွက် ငါးသလောက်မျိုးစိတ်တိုးပွားစေရန်၊  တရားမဝင်ငါးဖမ်းဆောင်ရွက်မှု မရှိစေရန်နှင့် မိုးဦးကာလ ငါးသားပေါက်ရာသီတွင် သတ်မှတ်ငါးမျိုးစိတ်များအား  ဖမ်းဆီးမှုမရှိစေရန်၊ သတ်မှတ် ပိုက်ကွန်များဖြင့် ငါးဖမ်းခြင်းမရှိစေရန်၊ ငါးအဆိပ်ချဖမ်းဆီးမှုမရှိစေရန်၊  ငါးလုပ်ငန်းစစ်ဆေး ရေယာဉ်ဖြင့် မင်းကြောင်းမြစ်အတွင်းတစ်လျှောက် ကွင်းဆင်းစောင့်ကြည့် ထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်