ကော့ကရိတ်မြို့၌ အသေးစားစက်မှုလက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာ သင်တန်းဖွင့်လှစ်

ကော့ကရိတ် ဇူလိုင် 

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့ သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အ​ခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၁၀ နာရီချိန်က ရန်ကုတ်ဘုန်း​တော်ကြီး​ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ ဦးထွန်း​ဝေက သင်တန်းသူ/သားများအ​နေဖြင့် မိမိတို့ကိုယ်ပိုင်အချိန်ကို အကျိုးရှိရှိအသုံးချ​စေလို​ကြောင်း၊ သင်တန်းမှသင်ကြား​ပေး​သော စာ​တွေ့လက်​တွေ့ပညာရပ်များကို သင်တန်းဆင်းပြီးပါက မိမိတို့ရဲ့လက်​​တွေ့နယ်ပယ်မှာ ပိုမိုကျွမ်းကျင်တက်​မြောက်​အောင်​ လေ့ကျင့်ကြိုးစား၍ မိမိတို့ရပ်ရွာအတွက် အကျိုးပြု ​ဆောင်ရွက်​စေ​ရေး စသည်ဖြင့် အမှာစကား​ပြောကြားသည်။

ထို​နောက် အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးခွန်ထွန်းထွန်းလှက ဖွင့်လှစ်​ပေးသည့် သင်တန်းသည် လုပ်ငန်းများအ​ပေါ် များစွာအကျိုးသက်​ရောက်မှုရှိ​ကြောင်း၊ စက်မှုလုပ်ငန်း၏ အ​ခြေခံဖြစ်​သော လျှပ်စစ်နည်းပညာ ကျွမ်းကျင်တက်​​မြောက်ရန်လိုအပ်​ကြောင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းမှ အစပြု၍ အ​ခြေခံလျှပ်စစ်ကို နားလည်ခြင်းဖြင့် အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်လုပ်ကိုင်နိုင်​ကြောင်းစသည့်အကျိုး​ကျေးဇူး ရရှိ​ကြောင်းအား ရှင်းလင်း​ပြောကြားသည်။

အဆိုပါသင်တန်းကို ရန်ကုတ်​ကျေးရွာအုပ်စုအတွင်းရှိ ​ကျေးရွာများမှ သင်တန်းသူ/ သား (၂၀) ဦး တက်​ရောက်ကြပြီး ဇူလိုင်လ ၆ ရက်​​နေ့မှ ၂၀ ရက်​နေ့အထိ ၁၅ ရက်တာ ဖွင့်လှစ်​ပေးသွားမည် ဖြစ်​ကြောင်း ​ကော့ကရိတ်ခရိုင် အ​သေးစား စက်မှုလက်မှုဦးစီးဌာနမှ သိရှိရသည်။

ခင်မျိုးဝင်း (ခရိုင်)