ရွာငံ ဇူလိုင် ၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ခြေခံပညာဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့တို့၏ ကူညီပံ့ပိုးမှု ဘုရားကြီးကုန်းကျေးရွာ မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ်သည့်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အလကဘုရားကြီးကုန်း၌ ကျင်းပသည်။
ရှေးဦးစွာကျောင်းဆောင်သစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)၊ မြို့နယ်ပညာရေးမှူး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းဒေသဒါရိုက်တာ ဒေါ်အေးအေးသန့်၊ ဒုတိယမြို့နယ်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုအားပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းနှင့်အတူ အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှလည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း၊ ရွာငံမြို့နယ်ပညာရေးမှူးမှလည်းကောင်း၊ စီမံကိန်းဒေသ၊ ဒါရိုက်တာတို့ကလည်းကောင်း အသီးသီးအမှာစကားပြောကြားကြသည်။ ထို့နောက် ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများအား စေတနာအဖွဲ့နှင့် ကျောင်းဆောင်ဆောက်လုပ်ရေးကော်မတီမှ မြိုနယ်ပညာရေးမှူးသို့ပေးအပ်ပြီး နိပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့မှ လူထုဖွံ့ဖြိုးရေးကော်မတီသို့ လူထုဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း (၁၁၀)အားပေးအပ်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အထိမ်းအမှတ်အလံများအား နေရာအရောက်ပေးအပ်ကာ ဒေသခံကိုယ်စားကော်မတီတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်သည် ပေ (၉၀ × ၃၀) အရွယ် RC (၁) ထပ်ကျောင်းဆောင်ဖြစ်ပြီး စုစုပေါင်းဆောက်လုပ်ရေးကုန်ကျငွေ ( ၆၇၀၈၂၃၂၃)ကျပ်ဖြင့်ဆောက်လုပ်ကြောင်း သိရသည်။
ရွာငံ(ပြန်/ဆက်)