လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကျောင်းများတွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းများအတွင်း ပတ်၀န်းကျင်သာယာလှပစေရေး၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းစေရေးအတွက် စုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က အမှတ်(၆)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအမှတ်(၄)တွင် ပူးပေါင်းဆောင်ရွက်သည်။