ညောင်လေးပင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ညောင်လေးပင် ဇူလိုင် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန်များ၊ ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်များ၊ မုန်တိုင်းဘေးနှင့်ပတ်သက်သည့်ဆောင်ရန်ရှောင်ရန်များနှင့် ငလျင်ဘေးနှင့်ပတ်သက်သည့်ဆောင်ရန်ရှောင်ရန်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)