ကျောက်မဲ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အလက(ခွဲ)အမက ၂ ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခန်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က "အနာဂတ်ပန်းများပွင့်လန်းဖို့ စာအုပ်စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ယင်းနောက် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အေရိုးဗစ်အက၊ မြန်မာ့သိုင်းကစားနည်းများကို လက်တွေ့သရုပ်ပြခဲ့ကြသည်။
အခမ်းအနားသို့ အလယ်တန်းအဆင့်ကျောင်းသား ကျောင်းသူ ၁၀၀ ဦခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)