မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်မည့်လမ်းပိုင်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်   Cash For Work  စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်မည့်လမ်းပိုင်းအား  ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ သိရသည်။

မောက်မယ်မြို့နယ်၌ဝါဆိုဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါဆိုဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက နန်းဖတ်ခုမ်စေတီတော်ကျောင်းမှ ပရိယတ္တိပါဒက ကျောင်းကြီးစာသင်တိုက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ တလျှောက်တွင် ကျင်းပခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့်ထုတ်လွှင့်တင်ဆက်

၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန်အရှေ့ပိုင်း ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အွန်လိုင်းမှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဝါဆိုဦး ဆွမ်း/ဆွမ်းဟင်းလောင်းလှူသူများ ဆွမ်းခံရဟန်းသာမဏေများဖြင့်စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် ဝါဆိုဦးအလှူအရုဏ်ဆွမ်းလောင်း လှူကြရန်အတွက်၊ ယမန်နေ့နံနက်(၆)နာရီမှစတင်၍ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဆွမ်း/ဆွမ်းဟင်းလောင်းလှူကြသူများ၊ ဘုန်းတော်ကြီးကျောင်းနှင့်စာသင်တိုက်အသီးသီးမှ ရဟန်း/သာမဏေများဖြင့်  စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့ စစ်ဆေးပေးပြီး မျက်မှန်အခမဲ့လှူဒါန်း

မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ မျက်စိဝေဒနာရှင်များကို အခမဲ့ စစ်ဆေးပေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းသား/သူများအား ကိုဗစ်(၁၉)ကာကွယ်ဆေး  ဒုတိယအကြိမ် (၆၈၀)ဦးဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ​ မြောက်ဥက္ကလာပမြို့နယ်၌  အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေပေါက်ကံ ကွက်သစ်၊ အထက်တန်းကျောင်းခွဲ အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်းတွင် ဆက် လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မိသားစုဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မိသားစုဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃)၌ ကျင်းပခဲ့သည်။

ဖလမ်းမြို့၌ အသက်(၅)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၅)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများနှင့် အထက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် အကြိမ် ပြည့်မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ မြို့တော်ခန်းမဆောင်၌ ထိုးနှံပေးလျက်ရှိရာ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to