မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်မိ၊ ရပ်ဖ အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ နောင်မိုပရိယတ္တိစာသင်တိုက်၊ မြောက်မြို့ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ရွှေကူမြို့နယ်တွင် ပြန်/ဆက်ဦးစီးဌာန (Community Centre) ခန်းမ၌ မျောက်ကျောက်ရောဂါ သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မျောက်ကျောက်ရောဂါ သိကောင်း စရာအသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြန်/ဆက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းဆတ်မြို့၌ လေထုညစ်ညမ်းမှုကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လေထုညစ်ညမ်းမှုကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဝါဆိုလဆန်း(၁၄)ရက်၊ ၂၀၂၂ ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်နှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတို့ ပူးပေါင်း၍ စားပွဲတင် တင်းနစ် ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်က နိုင်ငံဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပြည်နယ်မှ နိုင်ငံလက်ရွေးစင်အားကစားသမားများအား မွန်ပြည်နယ် အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင် ၁၁ ရက် နေ့လည် ၂ နာရီ အချိန်ခန့်တွင် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင် ကြီးများအားရည်စူး၍ အမျှပေးဝေခြင်းနှင့် ဆရာတော်သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့တွင် ဆရာတော် သံဃာတော်ကြီးများကိုပင့်ဖိတ်၍ နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီး များအားရည်စူး၍

တိုင်းရင်းသားပုံပြ၊ပုံပြင်စာအုပ်များကို တိုင်းရင်းသားများနေထိုင်ရာ နေရာဒေသအနှံရောက်ရှိအောင် ဖြန့်ဝေ

တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ပုံနှိပ်ထုတ်ဝေထားသော တိုင်းရင်းသားပုံပြ၊ ပုံပြင်စာအုပ်များကို ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများထံ ပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခန့်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show အစီအစဉ်ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show အစီအစဉ်ရိုက်ကူးခြင်းကို ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့် စပါးမျိုးထောက်ပံ့ပေးအပ်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သက်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် ကျင်းပသည်။
Subscribe to