ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်း ကျင်းပ

ပုဇွန်တောင် ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊‌ ပုဇွန်တောင်မြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းဆောင်ရွက်မှုကို ယနေ့ နေ့လယ် ၁ နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်မှ တက်ရောက်လာသူ စာ‌‌‌ပေချစ်သူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမလမင်းအိမ်မှ “သူတို့သိသော ဗိုလ်ချုပ်အောင်ဆန်း” စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့‌ကြကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား  မျှဝေတတ်စေရန်၊ စာပေမှရသော  အသိအမြင် ဗဟုသုတများကိုအသုံးချ၍  တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် ဗဟုသုတများဖြင့် အမှား/အမှန် ခွဲခြားနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်  စာဖတ်ဝိုင်းများ ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သတင်းရသည်။

ဟန်စုယဉ်