စုကလိ ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းများအား ယနေ့နံနက် ၁၀ နာရီက စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ရာတွင် သုတ/ရသ စာအုပ်များ ဂျာနယ်၊ ရုပ်ပြ၊ မဂ္ဂဇင်းစာစောင်များ စုစုပေါင်းစာအုပ်ရေ ၁၀၀ အုပ်နှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများ၊ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်း ဆောင်ကြီး ၈ ဦးတို့၏ အတ္ထုပတ္တိများတို့ကို ဝေဝေဆာဆာပြသထားရာ စုကလိမြို့နေ ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပိုပိုအောင်