တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနိုင်း ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးပြီး  ဌာနဆိုင်ရာများ စုပေါင်း၍ ၂၀၂၂-ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲကို ယနေ့နံနက် ၁၀ နာရီက တနိုင်းမြို့နယ်၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)မြို့မကျောင်းတိုက်၊ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပကြသည်။

အခမ်းအနားသို့  မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ (ဗဟို) မြို့မကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒနာလင်္ကာရနှင့် တနိုင်းမြို့နယ် ကျောင်းတိုက်အသီးသီးမှ ဆရာတော်(၁၈)ပါး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင အဖွဲ့ဝင်များ ဌာနဆိုင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ထို့နောက် အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး‌ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ ရွာမြို့မကျောင်း တိုက်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ဘုရားများမှ   မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားသ‌ရဇ္ဈာယ် ပေးကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  ဌာနဆိုင်များမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပေးရာ ဆရာတော်ဘုရားမှ  အနုမောဒနာတရား ချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး  ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)