တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

တောင်သာ    ဇူလိုင်  ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်  ၁၀ နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာအောင်လှိုင်၏ လက်တွေ့အသုံးချခေါင်းဆောင်မှု ပညာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း(Book Club)အား အထူးကျေးဇူးတင်ရှိပါကြောင်းဆွေးနွေးခဲ့သည်။

ထို့နောက် တောင်သာမြို့နယ် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)မှဦးဇော်မြင့်ဦး က ခေါင်းဆောင်မှုတွင်ပါဝင်သည့် အရေးအကြီးဆုံးသော ဂုဏ်ရည် ဖတ်ရှုခဲ့ပြီးဆွေးနွေးခြင်း၊ စာအုပ် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)မှဒေါ်မျိုးမြတ်သူက ပြဿနာဖြေရှင်းခြင်း ဖတ်ရှုခဲ့ပြီး ဆွေးနွေးခြင်းနှင့်စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဒေါ်ဇာနည်ဝင်းက  မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်ခြင်း ကိုယ့်စည်းကမ်းနဲ့ကိုယ်နေခြင်း ဖတ်ရှုခဲ့ပြီး ဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)