ဆိပ်ဖြူမြို့နယ်တွင် လမြတ်ဝါဆို (ဓမ္မစကြာအခါတော်နေ့ ) အကြောင်းသိကောင်းစရာ အသိပညာပေး TALK SHOW ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဗုဒ္ဓနေ့ လမြတ်ဝါဆို(ဓမ္မစကြာအခါတော်နေ့) အကြောင်းသိကောင်းစရာ အသိပညာပေး TALK SHOW အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

ငါးသိုင်းချောင်းမြို့၊ အ-ထ-က၌ ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် နဝမတန်းအောင်မြင်ပြီး ကျောင်းတက်ရောက်နိုင်ခြင်းမရှိသော ကျောင်းသား/ကျောင်းသူများ၏ ကျောင်းသားမိဘများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-က ကျောင်းခန်းမ၌ ယမန်​နေ့ညနေပိုင်းက (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် နဝမတန်းအောင်မြင်ပြီး ကျောင်းဆက်လက်တက်ရောက်နိုင်ခြင်းမရှိသော ကျောင်းသား/ကျောင်းသူများ၏ ကျောင်းသားမိဘများနှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တွေ့ဆုံပွဲကျင်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲများမှ ၂၀၂၂ ခုနှစ်၊ မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲများမှ တောင်သူများ စိုက်ပျိုး ချိန်တွင် အခက်အခဲမရှိ စိုက်ပျိုးနိုင် ရန်နှင့် လိုအပ်သော စိုက်ပျိုးစရိတ်သွင်းအားစုများအတွက် အသုံးပြုနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့မှစ၍ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအနီး ကမ်းနားလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့နံနက်က ရေနုတ်မြောင်း တူးဖော်ပေးခဲ့ကြောင်း  သိရသည်။

သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီအခြေခံ အားကစားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား ပုသိမ်ခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး လာရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေ အား ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပုသိမ်ခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံမှ လာရောက်ကြည့်ရှုစစ်ဆေး အားပေးခဲ့သည်။

ငပု​တောမြို့၌ စက်သုံးဆီ ​ရောင်းချသူများအား တရားဝင်တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချ မှု ရှိ/မရှိ ​ခေါ်ယူဆွေး​နွေး

ဧရာဝတီတိုင်းဒေသကြီး၊ ငပု​တောမြို့တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ စက်သုံးဆီ ​ရောင်းချသူများအား တရားဝင်လုပ်ထုံး လုပ်နည်းနှင့် အညီ တင်သွင်းရောင်းချမှု ရှိ/မရှိကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေး ခန်းမ၌ ပူးပေါင်းအဖွဲ့ဖြင့် ​ခေါ်ယူ​ဆွေး​နွေးခဲ့သည်။

ကျောင်းကုန်းမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး ‌အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ကလေးဝမြို့ မြို့တွင်းရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မိုးရာသီအတွင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက လမ်းဘေး‌ ရေ‌‌မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက ကလေးဝမြို့ အမှတ်-၂ ရပ်ကွက်ရှိ ပင်မရေမြောင်းကြီးအား ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။

မိုင်းရယ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်း ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီး၍  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)စီမံချက် ရေးဆွဲနည်းနှင့် AVIP သင်တန်းကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၈ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်သက်ကယ် လုပ်ငန်းများ ကြိုတင်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် များကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ဟင်္သာတမြို့ လက်သမားရပ် ဦးပါရဲ ဘုရားအနီး မြစ်ဆိပ်ကမ်းတွင် ရေပြင် သက်ကယ်လုပ်ငန်းများ ကြိုတင်လေ့ကျင့်ဆောင်ရွက်ခဲ့​ကြသည်။
Subscribe to