တောင်သာမြို့နယ် ကျောဇီနယ်မြေမီးသတ်စခန်းမှ ဧရာဝတီမြစ်ရေတက်မှုနှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိ

တောင်သာ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် တောင်သာမြို့နယ် မီးသတ်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ကျောဇီနယ်မြေ၊ မီးသတ်စခန်းမှ ဧရာဝတီမြစ်ရေများ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် နီးကပ်လာသောကြောင့် ကြိုတင်စီမံဆောင်ရွက်ရန်အတွက် ယနေ့နံနက်  (၉) နာခွဲက အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိသည့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကျေးရွာများသို့ ကျောဇီနယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်လျက်ရှိသည့် တောင်သာမြို့နယ် ဧရာဝတီမြစ်ကမ်း ဘေးတလျှာက်ကျေးရွာများသို့ ကျောဇီနယ်မြေ မီးသတ်စခန်းတပ်ဖွဲ့ဝင်များမှ မြစ်ကမ်းနံဘေး နှင့် နီးကပ်လျက်ရှိသော ကျေးရွာများအား ကြိုတင်ပြောင်းရွှေ့ထားရှိရေး  အစီအမံများနှင့်အရေး ပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ များ စုဖွဲ့ဖွဲ့စည်းထားရှိပြီး တောင်သာမြို့နယ် မီးသတ်ဦးစီးဌာနမှလည်း မြစ်ကမ်းနံဘေးတွင် အရေးပေါ် ဧရာဝတီမြစ်ရေတက်လာပါက ရှာဖွေကယ်ဆယ်ရေးပြုလုပ်ရန်အတွက် နေ့ညမပြတ်  နေ့စဉ်တာဝန်ချထားဆောင်ရွက်ရန် ညွှန်ကြားထားရှိကြောင်း သိရသည်။

ကျော်မျိုးနိုင် (တောင်သာ)