မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနရုံး Community Center ခန်းမတွင် ကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

မိုင်းနောင် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ကွန်ပျူတာသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် ရုံးစာရိုက်နည်း၊ Business Card ပြုလုပ်နည်း၊ Power Point ပြုလုပ်နည်းများကို တစ်ဆင့်ချင်းသင်ပြပေးပြီး ဆန်းစစ်ချက်များ ပြုလုပ်​ပေးကာ သင်တန်းတတ်မြောက်မှု အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယခုပြုလုပ်ဆောင်ရွက်သော သင်တန်းဆင်းပွဲသို့ မိုင်းရှူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းတို့ တက်ရောက်ကာ သင်တန်းသားများအား သင်တန်းတတ်မြောက်မှု အသိအမှတ်ပြုလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိခဲ့သည်။

မနန်း(မိုင်းနောင်)