မြို့သစ်မြို့နယ်တွင် ငရုတ်စိုက်ပျိုးသူများ စီးပွားဖြစ်စိုက်ပျိုး

မကွေးခရိုင်၊ မြို့သစ်မြို့နယ် ဂွေးကုန်းအုပ်စု၊ ဂွေးကုန်းကျေးတွင် ငရုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့်စည်ကား

ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ညောင်ဦးမြို့၊ ထီးလိုင်းလို ဘုရားဂေါပက ဥက္ကဋ္ဌ ဦးတင်လှဦးထံကသိရသည်။

ရမ်းဗြဲမြို့တွင် ဝါဆိုလပြည့်နေ့ အာရုံဆွမ်းလောင်းလှူပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၊ မြို့မဂေါပကအဖွဲ့မှကြီးမှူး၍ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ဓမ္မစင်္ကြာနေ့အခါသမယတွင် အာရုံဆွမ်းလောင်း လှူဒါန်းပွဲကို နံနက် ၅ နာရီက အောင်ဓမ္မာဗိမာန်ဓမ္မာရုံတော်ကြီးရှေ့ အောင်စေတီဘုရားရင်ပြင်တော်တွင် ကျင်းပလှူဒါန်းကြသည်။

မိုင်းလုံမြို့တွင် ဝက်မြေဥကို တစ်ပိုင်တစ်နိုင်စီးပွားဖြစ်စိုက်ပျိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်းရှိ ရေရရှိသောခြံများတွင် ဝက်မြေဥကို တပိုင်တနိုင်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့ အမှတ်(၅) အရံမီးသတ်တပ်ဖွဲ့မှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရေးကြိုတင် ဆေးဖျန်းခြင်းများဆောင်ရွက်

မန္တ‌လေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းချိန်က အမှတ်(၅)ရပ်၊ စည်ပင်သာယာရပ်ကွက်အတွင်း ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဝါဆိုလပြည့်နေ့ ဆွမ်းလောင်းလှူပွဲကို ဇူလိုင် ၁၂ ရက် နံနက် ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

လေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တိးပေးနိုင်ရေး အခြေခံပညာ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်များဖန်တီးပေးရေး လုပ်ငန်းကော်မတီမှဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နံ့သာဖြူကုန်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ အာဆီယံသပြေ စိုက်ပျိုးသူများ ဈေးကောင်းရ၍ တိုးချဲ့စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းမျိုးစုံကို မြေအောက်ရေတင်ပြီး ရာသီမရွေး စိုက်ပျိုးလျက်ရှိရာ အာဆီယံသပြေ စိုက်ပျိုးသူများ ဈေးကောင်းရ၍ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ကော့သောင်းခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၏  မြို့နယ်လုံးဆိုင်ရာ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကော့သောင်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၏ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်(၅)နာရီက ကော့သောင်းမြို့၊ ပြည်တော်အေး သာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်ကြီးများ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ကော့သောင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  မြို့မိမြို့ဖများအလှူရှင် စေတနာရှင်များတက်ရောက်ကြသည်။

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အေးမြကန်သာရပ်ကွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to