မိုင်းကိုင် ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲဆုရသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မနက် ၁၀ နာရီက အ.ထ.က(မြတ်သီရိခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြိုနယ်ပညာရေးမှူး ဦးခင်မောင်ကို ကအဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက အာဇာနည်နေ့နှင့် ယနေ့လူငယ်များ တာဝန်အကြောင်းဟောပြောပြီးနောက် အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း ကျောင်းသားကျောင်းသူ ၁၁ ဦးတို့က အာဇာနည်နေ့သမိုင်းကြောင်း၊ အာဇာနည်နေ့နှင့် နိုင်ငံသားတိုင်း၏ တာဝန်၊ အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ သခင်မြ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ အတွင်းဝန်ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့၏ အထုပ္ပတ္တိများအကြောင်းနှင့် Gread-5 ကျောင်းသားလေး စိုင်းလောဝ်ဖက ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းတို့ကို အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် (၇၅)နှစ်မြောက် ၊ အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် အာဇာနည်နေ့အကြိုဟောပြောပွဲတွင် တက်ရောက်ဟောပြောခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)