စလင်းမြို့နယ်တွင် EID စနစ်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခွင့်ရှိသူများနှင့် ပုံစံ(၆၆/၆)(ဃ)တွင် ပါဝင်သူများမှတ်တမ်းရေးသွင်းနိုင်ရေး အစည်အဝေးကျင်းပပြုလုပ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် နိုင်ငံတော်စီမံချက်ဖြစ်သည့် EID စနစ်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ခွင့်ရှိသူများနှင့် ပုံစံ(၆၆/၆)(ဃ)တွင် ပါဝင်သူများ မှတ်တမ်းရေးသွင်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် ယမန်နေ့နံနက်ပိုင်းက အစည်းအဝေးကျင်ပပြုလုပ်ခဲ့သည်။