သာယာဝတီမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)တို့ ပူးပေါင်း၍ စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း (GW-11) စပါးမျိုး၊ မျိုးစေ့ထုတ် စံပြစိုက်ခင်းတွင် ယနေ့နံနက် ၉ နာရီက ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။