နတ်တလင်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်တလင်း  ဇူလိုင်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့် က အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး  ပြိုင်ပွဲဝင် အထက်တန်းအဆင့် ကျောင်းသား/သူ (၁၁)ဦးမှ "အာဇာနည် နေ့နှင့်ကျွန်ုပ်တို့တာဝန်" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိသူ ကျောင်းသား/သူ အသီးသီးအား တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး