ပြင်ဦးလွင် ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကလေးငယ်များအတွက် စကားပုံဆက်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယမင်းလှိုင်က ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည့်အကြောင်းအရာများနှင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူ (၂၅)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စကားပုံဆက်ပြိုင်ပွဲတွင် ထူးချွန်စွာဖြေဆိုနိုင်သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ရှိ ကလေးစာဖတ်ခန်းမတွင် ကလေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မ ပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြူလူသစ်