လှည်းကူး ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ TalkShow ကို ယနေ့နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး(Talk Show) ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် လှည်းကူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှ့န်က အာဇာနည်နေ့ ပေါ်ပေါက်လာပုံ၊ ဗိုလ်ချုပ်နှင့်အတူ လွတ်လပ်ရေးကြိုးပမ်းကြပုံများနှင့် နောင်လာနောက်သားများ အာဇာနည်စိတ်ဓာတ် မွေးမြူတက်ကြစေရန်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့