(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန့်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အမှတ်( ၂ ) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ် မင်းတစုကျေးရွာ သဘာဝမြစ်ချောင်းရေပြင်အတွင်း ငါးသားပေါက် ကောင်ရေ ခုနှစ်သိန်းခွဲ စိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွား လာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ် စေရေးတို့အတွက် သဘာဝမြစ်ချောင်းရေ ပြင်အတွင်း ငါးမျိုးစိုက်ထည့် ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မင်းတစုကျေးရွာ သဘာဝ မြစ်ချောင်းရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ​ခုနှစ်သိန်းခွဲ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ညနေပိုင်းကသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show)ကျင်းပခဲ့ကြောင်း သိရသည်။

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ

သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)၊ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ (၁၁) ကြိမ်မြောက်၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင် ခန်းမအတွင် ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအသစ်ချပြ ရှင်းလင်းပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအသစ်ချပြ ရှင်းလင်းပွဲအခမ်းအနား ကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံး ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုင်းဆတ်မြို့၌ တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးဆိုင်ရာနှင့် ခွာနာလျှာနာ ရောဂါဆိုင်ရာ ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာနှင့် ခွာနာ လျှာနာရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၈)နာရီခွဲက ကျတီကျေးရွာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင်  တိုင်းရင်းသားရိုးရာ ရှမ်းအစားအစာ သင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက တိုင်းရင်းသားရိုးရာ ရှမ်းအစားအစာ  ဆန်စီးခေါက်ဆွဲ ချက်ပြုတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားသည်။

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ ၁၀ နာရီခွဲက ကျင်းပရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးခန့် တက်ရောက်ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။
Subscribe to