ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဗိုလ်ချုပ်ပုံ ပုံတူဆွဲပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် ဇူလိုင် ၁၅

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်အမြာက် အာဇာနည်နေ့အထိမ်းအမှတ် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဗိုလ်ချုပ်ပုံ ပုံတူဆွဲပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများ၊ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္တိ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူပန်းချီများရေးဆွဲခြင်း၊ အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ဉာဏ်ရည် ဉာဏ်သွးများကောင်းမွန်စေရန် အသိပညာများတိုးပွားလာစေရန် ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ဖြစ်လာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၈)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဗိုလ်ချုပ်ပုံ အကောင်းဆုံးပုံတူဆွဲနိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့