ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအကြောင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် တိရစ္ဆာန်များတွင် ရောဂါကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ဆိုင်ရာလှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ အကြောင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၁ ရက်နေ့မှစတင်၍ ဇူလိုင်လ ၁၇ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ ပြုလုပ်

တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉နာရီအချိန်က ရေဖြူမြို့၊ ( ခ ) ရပ်ကွက်၊ ဓမ္မမာမကကျောင်း၊ သာသနာ့လင်္ကာရဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ မိုင်းယန်းခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ မိုင်းယန်းခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သန်လျင်မြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များ ဌားရမ်းပေးခြင်း၊ အချိန်မပေးနိုင်သော ဌာနဆိုင်ရာများအား မိုဘိုင်းစနစ်ဖြင့် ဌာနအရောက်ဌားရမ်းဆောင်ရွက်ပေးခြင်း၊ ခရိုင် Community Centre တွင် စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများ ကျင်းပပေးလျက်ပြည်သူများ အသိပညာတိုးပွားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်၏ လစဉ်ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက်၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင်  (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။

နမ့်စန်တွင် ခေတ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ခေတ်သစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချအမျှဝေခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက် အမှတ် (၂၀) အခြေခံပညာအထက် တန်းကျောင်းရှိ မြတ်စေတနာခန်းမတွင် ယနေ့နံနက်(၉)နာရီက လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟော ပြောပွဲကျင်းပပြုရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊
Subscribe to