နောင်ချို ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀း၀၀)နာရီအချိန် နောင်ချိုမြို့နယ် အ.ထ.က(၂)ကျောင်း၌ ကျောင်းသား၊ သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာမှ လဝကမှူး ဦးယိုင်ထာနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစ်ရေးကဒ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်းမရှိသော ကျောင်းသား၊ သူ(၃၃)ဦးကို ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစ်ရေးကဒ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ “ပန်ခင်းစီမံချက်”ဆောင်ရွက်နေမှုအား နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများမှ ကြည်ရှု့အားပေးခဲ့ကြကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)