ကံမ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့က အမှတ်(၁)ရပ်ကွက်၊ ကြို့ပင်ကျေးရွာအုပ်စုနှင့် ဖရုံလှကျေးရွာအုပ်စုတို့၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်ကျေးရွာ စာရေး ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင် အရာရှိနှင့် ဝန်ထမ်းများက မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း (ကံမ)