နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အေးမြင့်သာယာတံတားနှစ်စင်းဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ ထိစပ်လျက်ရှိသည့် ဆင်သေချောင်းအား လွယ်ကူစွာဖြင့် ဖြောင့်ဖြောင့်တန်းတန်း ဖြတ်ကျော်သွားလာနိုင်စေရန်အတွက် နေပြည်တော်ကောင်စီ၏ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူဆောက်လုပ်သော အေးမြင့်သာယာ တံတားနှစ်စင်းဖွင့်လှစ်ခြင်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။