ဓနုဖြူ ဇူလိုင် ၁၅
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယမန့်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အမှတ်( ၂ ) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုငြိမ်းမှ အာဇာနည်နေ့အကြောင်း သိကောင်းစရာများအား ရှင်းလင်း ပြောကြားပြီး၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်(၉)ဦး၏ အထ္ထုပ္ပတ္တိ၊ အာဇာနည်(၉)ဦး၏ ကျမ္မာဆိုးဝင်သောနေ့ ခေါင်းစဉ်များအောက်တွင် ကျောင်းသား၊ ကျောင်းသူများမှ ဟောပြော ခဲ့ကြသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို "၁၉ ဇူလိုင် မမေ့နိုင်" ခေါင်းစဉ် ဖြင့် မူလတန်းအဆင့် ကျောင်းသား/သူ( ၄၀)ဦး၊ အလယ်တန်း အဆင့်ကျောင်းသား/သူ(၅၅)ဦး၊ အထက်တန်းအဆင့် ကျောင်းသား/သူတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။ အဆိုပါယှဉ်ပြိုင်ပွဲကို ဓနုဖြူမြို့နယ်၊ မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးလှဌေးမှ လိုက်လံကြည့်ရှု စစ်ဆေး၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)