ပန်းတနော် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွား လာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးတို့အတွက် သဘာဝမြစ်ချောင်းရေ ပြင်အတွင်း ငါးမျိုးစိုက်ထည့် ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မင်းတစုကျေးရွာ သဘာဝမြစ်ချောင်းရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းခွဲ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အတွင်းရေးမှူး ရဲမှူး ကျော်ဇံ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဇေယျာမြင့်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မာမာဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ရေး ကြီးကြပ်မှုကော်မတီ၊ အောင်ဟိတ် ငါးလုပ်ငန်း စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေလုပ်သားများက မင်းတစုကျေးရွာ သဘာဝမြစ်ချောင်းရေပြင်အတွင်းသို့ ရွှေဝါငါးကြင်ကောင်ရေ ၁ သိန်းခွဲ၊ ငါးခုံးမကြီး ကောင်ရေ ၂ သိန်း၊ ငါးမြစ်ချင်းကောင်ရေ ၄ သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းခွဲ စိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)